Showing posts with label Other. Show all posts
Showing posts with label Other. Show all posts

Tuesday, February 15, 2011

လက်ဆင့်ကမ်း Virus


Microsoftနှင့်Nortonတို့မှပေးပို့လိုက်သောသတင်းဖြစ်ပါသည်။ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ သင်တို့ဆီသို့
Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်ချက်ချင်းdeleteလုပ်ပစ်ပါ။ ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင်
It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။
ထိုအခါသင်၏ PCမှအရာအားလုံးပျောက် ဆုံးသွားပြီး၊ ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail
နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က
စတင်ခဲ့သော virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကို
အမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။ သည်မေးလ်ကိုချက်ချင်းလက်ဆင့်ကမ်းပေးကြပါ။
Source: Forwardmail

Friday, March 19, 2010

ဝက်စင်မမှီတဲ့ဝက်ကလေး





ဆိုဒ်နဲ့တော့ ဘာမှ မဆိုင်ပါဘူး သူငယ်ချင်းတွေကို ပြချင်လို့ ဒီပုံလေးတွေ တင်ပေးတာပါ ၀က်တော့ဝက်ပဲဗျ ဒါပေမယ့် တော်တော် ကံဆိုးတဲ့ဝက်ကလေးပါ။ မနက်ကပြောနေကြတယ် ဆင်နဲ့တူတဲ့ ၀က်ကလေးမွေးတယ်လို့ သူ့ရဲ့မျက်စိက တစ်လုံးတည်းဗျ။ ကြည့်ကြည့်ပါဗျာ... လူဆိုရင်တော့ လူစင်မမှီဘူးပေါ့နော့် ဒါပေမယ့် ၀က်ဆိုတော့ ၀က်စင်မမှီဘူးပေါ့ဗျာ။ ခုတော့ အဲ့ဒီဝက်ကလေးကို မြေမြုပ်လိုက်ပြီ။ မွေးကတည်းက အသေလေးမွေးတယ်လို့ပြောတယ်ဗျ။ အင်ထင်နေမှာဆိုးလို့ ဓာတ်ပုံလေးတွေကို မပြင်ဘဲ ဒီအတိုင်းတင်ပေးထားပါတယ်။

Tuesday, January 19, 2010

PC ကနေ နိုင်ငံ(၈)နိုင်ငံကို ဖုန်းဖရီးခေါ်ကြမယ်

ကိုယ့်ရဲ့ Computer ကနေ နိုင်ငံ(၈)နိုင်ငံကို ဖုန်းဖရီးခေါ်လို့ ရတဲ့နေရာလေးကို ကျွန်တော်တို့ သွားကြဆို့ဗျာ။ Free ရတဲ့နိုင်ငံတွေကတော့ Australia, China, Singapore, UK, Canada, Tawan, Hong Kong, USA တွေဘဲဗျ။ ဘယ်အချိန်ထိ ဖရီးလဲတော့ ကျွန်တော်လဲ မပြောတက်ဘူးဗျ။ ခု ကျွန်တော် ဒီ Post လေးကို တင်တဲ့အချိန်ထိတော့ ရနေသေးတယ်ဗျ။ ဒါပေမယ့် ကိုယ့်ရဲ့ Computer ထဲမှာတော့ ဆော့ဝဲလေး ရှိဖို့တော့လိုတယ်။ ဒီကိုသွားပြီး Register လုပ် ပြီးရင် သုံးကြည့်ပေါ့နော့်။ MediaRing Talk Software လေးကို ဒီမှာ ယူလိုက်ပါနော်။

Friday, December 11, 2009

Free Call phone to U.S.A

Free phone call ... link တခုပါ.. မိမိကွန်ပျုတာကနေ အကောင့်လုပ်ပြီး.. အမေရိကားကို ဖရီးခေါ်နိုင်တဲ့.. နည်းပညာတခုပါ... အားလုံး စမ်းသပ်သုံးနိုင်အောင် တင်ပေးလိုက်ပါတယ်။ တချို့သိနေတဲ့ သူတွေ အတွက်တော့ မလိုပေမဲ့မသိသေးသေါသူများအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ

ဒီကနေ Free Phone Call သွားနိုင်ပါတယ်။

အဆင့်ဆင့် အကောင့်တခုရအောင်ဝင်လုပ်သွားရပါမယ်။
၁။ အပေါ်က ပုံမှာပြထားသလို Sign Up ကို ကလစ်ပေးပါ။
၂။ လိုအပ်တဲ့ ... First name... Last Name တွေကို ပေးချင်သလို သင့်တော်ရာပေးလိုက်ပါ။ Continue ကို ဆက်သွားပါ။
၃။ နောက်အဆင့်မှာ ... မိမိ Email တခုခု ကိုဖြည့်ပေးလိုက်ပါ... ပြီးရင်.. Please select your interests မှာ နှစ်သက်ရာ ၂ ခုကိုရွေးပြီး Tick ( အမှန်လဏ္ခာ )လေး
လုပ်ပေးလိုက်ပါ။
၎။ နောက်အဆင့်မှာ Please verify ဆိုတာကို ခဏဖတ်ပေးပြီး ( ဖတ်ချင်လဲဖတ် မဖတ်ချင်လဲ
ရပါသည် ) ပြီး.... အောက်က I have read and agree to the above written term of
service ဘေးမှာ.. အမှန်လေးခြစ်ပေးပါ.. ( Tick )
Continue ကို ဆက်ကလစ်သွားပေးပါ။
၅။ ဒီအဆင့်မှာ သူဖြည့်ခိုင်းထားတဲ့.. ကုတ် ( code ) ကိုဖြည့်ပေးလိုက်ပါ။ Continue ကို ဆက်ကလစ်သွားပါ။
ကျန်တာကတော့လွယ်သွားပါပြီးလိုအပ်တာကို ဆက်လုပ်သွားရင်း နောက်ဆုံး.. အဆင့်ကနေ..
အစနေရာကိုပြန်ရောက်သွားပါမယ်။
အဲမှာ မိမိ အရင်ပေးထားတဲ့ အီးမေလ်း အကောင့် ကိုဖြည့်.. စကားဝှက်ထည့်ပြီး လိုအပ်သလိုဆက်သွားပြီး ခေါ်ဆိုနိုင်ပါပြီး။
ဒါလေးက ကိုယ်တိုင် ကွန်ပျူတာ သုံးနေရင်း သူငယ်ချင်း တွေရှိတဲ့ အမေရိက ကို ဖရီးခေါ်ဆိုနိုင်ပါတယ်....
အားလုံး အဆင်ပြေစွာခေါ်ဆိုပြောနိုင်ကြပါစေ။

မှတ်ချက်။ ။ ဒီဆိုဒ်ကပါ၊ စမ်းတော့မကြည့်ရသေးဘူး၊၀မ်းသာအားရနဲ့ မျှဝေရတာပါ။
source: စေတမာန်

Monday, December 7, 2009

NOSTRADAMUS 2012

ဒါကတော့ ကမ္ဘာကြီးဟာ 2012 မှာ ပျက်မယ်ဆိုပြီး ပျက်နိုင်မယ့် ခန့်မှန်းချက် နှင့် ဖြစ်နိုင်ခြေတွေကို ထောက်ပြထားတယ်၊ ပြီးတော့ အရင်တစ်ကြိမ်က ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ကောက်ချက် ဆွဲထားတဲ့ Moive ပါပဲ . မကြည့်ရသေးတဲ့ သူများအတွက် တင်ပေး လိုက်ပါတယ် . ယုံကြည်မှုမရှိဘူးလို့ ပြောနေကြပေမယ့် . ရောင်းအားကတော့ အတော် ကောင်းတယ်လို့ ဆိုထားပါတယ် . အဟဟ .. ကောက်ချက်ဆွဲ တဲ့သူတွေနဲ့ သုံးသပ်သူတွေဟာ ဘယ်သူလဲ ဘာလို့ သုံးသပ်ရတာလဲ . ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာကို ကျွန်တော်တို့လဲ တွေးလို့ရပါတယ် . အခုသုံးသပ်တဲ့ သူတွေဟာ ကမ္ဘာကြီးကို အချိန်ရှိတိုင်း သုံးသပ်နေ၊ လေ့လာနေတဲ့ ပညာရှင်တွေ လဲပါပါတယ် . ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာတော့ ကျွန်တော်တို့ဟာ အဲ့ဒီ့အကြောင်းအရာကို ခုခံငြင်းဖို့အတွက် လိုအပ်နေပါသေးတယ် . သူများတွေသုံးသပ် ထားတဲ့ အထောက်အထား တွေကိုပဲ ကြည့်လိုက်ကြည့်ပါ . ကြည့်ချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ . 300 MB ပဲ ရှိပါတယ် .

Saturday, November 28, 2009

အသဲကမ္ဘာလေးထဲသွားကျဆို့ဗျာ


စိတ်ညစ်နေရင်တော့ ဒီမှာ ဒေါင်းလိုက်ပေါ့ဗျာ အသဲကမ္ဘာလေးထဲရောက်သွားမယ်။
ပျော်ရွှင်ပါစေ။
ကျွန်တော့်ဆိုဒ်သို့အလည်လာကြသူများအားလုံး မင်္ဂလာပါဗျာ....