Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Monday, September 6, 2010

Gmail က priority inbox ဆိုတာ ဘာလေးလဲ..??

ကျနော် ဒီနေ့ mail တွေကို ဝင်စစ်ရင်းနဲ့ အကောင့်နားလေးမှာ new priority inbox ဆိုတာလေးကို

အနီလေးနဲ့ပြထားတာဘာများလဲဆိုပြီး သေချာ ဖတ်ကြည့်တော့

သူ့သဘောက ကျနော်တို့ဆီ နေ့စဉ် ဆယ်ဂဏန်း ရာ ဂဏန်းနဲ့ ဝင်လာတဲ့ mail တွေကို သေချာ စီစစ်ပြီး

ရွေးချယ်ပေးတာကိုသူပြောထားတာပါ..ကျနော်ဆီ ဝင်လာမယ့် ဖိုရမ်တွေက mail တွေ နောက်ထပ် ကိုအရေး

ကြီးတဲ့ လူတွေ ဆီက ဝင်လာမယ့် mail တွေကို သီးသန့်လေး ဖယ်ထုတ် ပေးတာကို သူက လုပ်ပေးတာပါ..

လုပ်ရတာလေး ကိုတော့ကျနော် အသေးစိတ်ပုံလေးတွေနဲ့ ပြထားပါတယ်..နားလည်ကျမှာပါ..

အဆင့် (၂)

အဆင့်(၃)

အဆင့် (၄)

အဆင့် (၅)

အဆင့် (၆)

အရင် Inbox ထဲ က ကိုယ်ရွေးချယ်ချင်တဲ့ ဟာတွေကို ဒီလို ရွေးနိုင်ပါသေးတယ်..

ကဲ..ဒီလောက်ဆို ပုံလေးတွေကိုကြည့်ပြီး နားလည်လောက်ပါပြီ.. သုံးချင်တဲ့သူများ အဆင်ပြေကျမှာပါ..

မူရင် gmail လင့်လေးမှာ ကြည့်ချင်တယ်ဆိုရင် ဒီမှာ ဝင်ရောက်ကြည့်နိင်ပါတယ်

Source:- ကောင်လေးငယ်

Sunday, September 5, 2010

System Restore

ကျွန်တော့်လို ကွန်ပျူတာ ခုမှစတင်လေ့လာသူများအတွက် ရည်ရွယ်ပါသည်။
ကျွန်တော်တို့ ကွန်ပျူတာမှာ တစ်ခါတစ်လေ နဂိုထက်ဝင်းဒိုးအတက်နှေးသွားတာ Program သုံးရနှေးသွားတာတို့ စသည်ဖြင့် တစ်ခါတရန်မှာ ဖြစ်တက်ပါတယ်။ အဲ့လိုဖြစ်လာရင် ကျွန်တော်တို့ ကွန်ပျူတာသုံးရတာ စိတ်ကသိကအောက်ဖြစ်ကြတာပါဘဲ။ ဒီ System Restore လေးလုပ်ကြည့်ရအောင်..
ပထမဦးစွာ Start Menu=> All program=> Accessories=> System Tools=> System Restore ကို Click လုပ်ပါ။ အဲလိုမှ မဟုတ်ရင် Window Key + r ပြီးရင် msconfig လို့ ရိုက်ထည့်လိုက်ပါ..
ပုံ(၁)
Lunch System Restore ကို Click လုပ်ပါ

ပုံ(၂)
Next ကို Click လုပ်ပါ
ပုံ(၃)
မိမိရဲ့ ကွန်ပျူတာသုံးရတာ ဘယ်နေ့မှာ နောက်ဆုံးအစဉ်ပြေခဲ့လဲ အစဉ်ပြေခဲ့တဲ့ နေ့လေးကို ရွေးလိုက်ပါ ပြီးရင်တော့ Next လေးကို Click လုပ်လိုက်ပါ။ ပြီးသွားရင်တော့ Restart ဖြစ်သွားပါလိမ့်မယ်။

အားလုံးပျှော်ရွှင်ပါစေ။



Tuesday, August 31, 2010

How to Make Firefox Load Pages Faster

သိပြီးသားသူများအတွက် မရည်ရွယ်ပါဘူးခင်ဗျာ။ ကျွန်တော့်လို ခုမှ စတင်လေ့လာသူများအတွက် အသုံးဝင်မယ်လို့ ယူဆပါတယ်။ လွယ်လွယ်ကူကူနဲ့ လိုက်လုပ်လို့ရပါတယ်။ ခဲရခဲစစ်လုပ်နေစရာမလိုပါဘူး။ လုပ်ပြီးသွားရင်လဲ ကျွန်တော်တို့ရဲ့ Firefox လေးက သိသိသာသာ အလုပ်လုပ်ပါလိမ့်မယ်။ စိတ်ဝင်စားရင်တော့ အောက်က လင့်လေးကိုသွားလိုက်ပါ။ သူငယ်ချင်းအားလုံး ပျှော်ရွှင်ပါစေ။ ဒီနေရာလေးမှာပါ

Sunday, July 11, 2010

Write Protection ပြဿနာ

ခု USB Devices (USB Pen Drive, Flash Drive, Memory Card etc...) တွေမှာ ခုလိုမျိုး Write Protected ပြဿနာ ခဏခဏကြုံနေ ရတယ်ဗျ။ ကျွန်တော်ကတော့ ဒါလေးနဲ့ သုံးကြည့်တာအစဉ်ပြေ သွားတယ်။ အောက်မှာ ဒေါင်းလုပ်အရင် ယူလိုက်ပါ ပြီးရင်ကျွန်တော်တို့ရဲ့ Pen Drive လေးထည့်ပြီး ဒေါင်းပြီးသားလေးကို Double-click လုပ်လိုက်ပါ။ အစဉ်ပြေပါလိမ့်မယ်။ အကယ်၍ မစဉ်မပြေဖြစ်ခဲ့ရင် ဒီနေရာလေးမှာ အစ်ကို တစ်ယောက်က နောက်တစ်နည်းနဲ့ အကျယ်တ၀င့် ရှင်းပြထားပါတယ်။ တခြားနည်းလမ်းများရှိခဲ့ရင်လဲ ကျွန်တော့်ကို ပြောပြပေးပါ။
Download: mediafire, hotfile

Sunday, March 21, 2010

Fix - Windows-7 Black Screen


ဒါကတော့ Black Screen Fix Windows Black Screen of Death Error Fixing Tool လေးပါ တစ်ခါတစ်လေဖြစ်တက်ကျပါတယ်။ Windows-7 အတွက်ပါ မှာဖြစ်ခဲ့ရင် ဒါလေးဒေါင်းပြီးသာ သမလိုက် အစဉ်ပြေသွားလိမ့်မယ်။ ပျှော်ရွှင်ပါစေ.......
Download; Mediafire

Sunday, February 28, 2010

How To Make Ur Download Speed 20%

Download Speed ကို 20% မြန်ချင်ရင်တော့ ဒီဟာလေးကိုဒေါင်းပြီး Movie မှာ ပြထားတဲ့အတိုင်း လိုက်လုပ်ကြည့်လိုက် ပြီးရင် Computer ကို Restart ချလိုက် အစဉ်ပြေသွားလိမ့်မယ်ဗျ။

Download:- Mediafire

Saturday, December 26, 2009

RemoveWGA

ကျွန်တော်တို့ တစ်ခါတစ်လေ ကြုံတက်ကြတဲ့ Computer ကို Restart လုပ်လို့ဘဲဖြစ်ဖြစ်၊ Shutdown လုပ်ပြီး Computer ပြန်တက်တဲ့အချိန်မှာ Desktop Backgroud က အမြဲ Black Screen ဖြစ်နေတက်တယ်။ အဲ့ဒီလိုမျိုး ဖြစ်နေခဲ့ရင် ဒီမှာ Download ယူပြီးတော့သာ ဖြေရှင်းလိုက်ပေါ့။

Tuesday, December 22, 2009

Youtube မှာ Movie ကို ဒေါင်းချင်ရင်

ကျွန်တော်ကတော့ Youtube က Movie တွေကို ဒေါင်းရင် ဒီလိုဘဲဒေါင်းတယ်......
ဥပမာ ဆိုပါဆို့ပါ www.youtube.com/........ Youtube နေရာမှာ www.voobys.com/.... ဆိုရင် ရပြီပေါ့

Sunday, December 20, 2009

USB Drive နဲ့ Memory Stick တွေကို Format လုပ်ချင်ရင်

၂၀၀၉ နှစ်စလောက်က ကျွန်တော်တို့ရုံးက ကွန်ပျူတာတွေမှာ အရမ်းချစ်တယ် ဆိုတဲ့ Virus တစ်မျိုးဝင်ခဲ့တယ်.. တော်တော်များများတော့ ဒီဗိုင်းရပ်စ်ကို ကြားဖူး/တွေ့ဖူးကြမှာပါ.. ကွန်ပျူတာကိုအကြီးအကျယ် ဒုက္ခမပေးပေမယ့်.. သူ့ကြောင့် တော်တော်လေးတော့ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်.. ဒီဗိုင်းရပ်စ်ကိုရှင်းဖို့ နည်းလမ်းလိုက်ရှာတာ. မြန်မာဘလော့ဂ် တော်တော်များများမှာ တွေ့ရတယ်..ဒါနဲ့. အဲဒါနည်းလမ်းအတိုင်း ရှင်းလိုက်တာ.. အိုကေသွားတယ်.. ဒါပေမယ့် နောက်နေ့နံနက်ကျတော့ ပြန်ရောက်နေပြန်ရော.. တရာခံလိုက်ရှာရတော့တာပေါ့.. ဘယ်သူလဲ..ဘယ်ကလဲ.. တွေ့ပါပြီ. Memory Stick နဲ့ Camera တွေ။ ဒါကြောင့် Memory Stick နဲ့ Camera တွေကို Format လုပ်လိုက်ရတာပေါ့။ Format လုပ်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင်.................

၁။ အရင်ဆုံး Format လုပ်ချင်တဲ့ USB Device ကို ကွန်ပျူတာမှာ တပ်လိုက်ပါ။

၂။ Desktop မှာ Mycomputer Icon ကို Right-Click လုပ်ပြီး Manage ကိုရွေးလိုက်ပါ။
၃။ Device Manager ကို Click လုပ်ပြီး Disk Drive ကို Expend လုပ်လိုက်မယ်ဆိုရင် အောက်ပါတိုင်း မိမိရဲ့ USB Drive list ကိုတွေ့ရပါလိမ့်မယ်။
၎။ မိမိရဲ့ USB Drive ပေါ်မှာ Right-Click လုပ်၊ Properties ကိုရွေးပြီး အောက်ပါအတိုင်း Policy Tab ကိုသွားလိုက်ပါ။
၅။ အပေါ်ပုံမှာ ရွေးစရာ ၂ ခုရှိတဲ့အနက် ''Optimize for performance" ကိုရွေးလိုက်ပြီး "OK" လုပ်လိုက်ပါ။

၆။ My computer ကို ဖွင့်၊ မိမိရဲ့ USB Drive ပေါ်မှာ Right-click လုပ်ပြီး Format ကိုရွေးပါ။ အောက်ပါပုံအတိုင်း File system မှာ Drop Down လုပ်၊ NTFS ကိုရွေးပြီး Format လုပ်လိုက်ပါ။ အားလုံးအဆင်ပြေသွားပါပြီ...



Source: အိုင်တီခရီးသည်
ကျွန်တော့်ဆိုဒ်သို့အလည်လာကြသူများအားလုံး မင်္ဂလာပါဗျာ....