Tuesday, December 21, 2010

Merry Christmas Colours Themes

Christmas လက်ဆောင်လေးတစ်ခု ထပ်ပေးချင်ပါတယ်ဗျာ။။ Christmas Themes လေးပါ ကျွန်တော့်ရဲ့လက်ဆောင်လေးကို လက်ခံချင်ရင်တော့....
Installation:
1.) Drag both Merry Christmas.theme and the Theme folder to C:\Windows\Resources\Themes\
2.) Right click on desktop -> Personalize...there you should see in Installed Themes.Click on it to apply theme.

Download:- fileserve

Friday, December 10, 2010

Driver Checker

ကျွန်တော်တို့ ဒီ Application လေးသုံးပြီး Drive တွေကို Check လုပ်ရအောင် ကျွန်တော်တို့ ကွန်ပျူတာမှာ လိုအပ်တဲ့ Driver တွေကို သူက ဖေါ်ပြပေးမယ် ပြီးရင် Download လုပ်သွားပေးလိမ့်မယ်။ ပြီးရင် Install လုပ်လိုက်ရုံဘဲ သိပ်ကောင်းပါတယ်။ Serial Key ပါ တခါတည်း ထည့်ပေးထားပါတယ်။
Download: Ziddu

Wednesday, December 8, 2010

Christmas Screen Saver

ကျွန်တော်တို့ Christmas လဲနီးလာပြီ၊ ကျွန်တော့်သူငယ်ချင်းတွေကို လက်ဆောင်လေးတစ်ခု ပေးချင်တယ်။ ခက်တာက ကျွန်တော်အခု အင်တာနက်သုံးရတာ အစဉ်မပြေဘူးဗျ။ Connection ကမတရားကျနေတယ်။ တာဝန်ရှိသူတွေကလဲ လာမပြုပြင်သေးဘူး.. ခက်တယ်ဗျာ။ အာလူးဖုတ်တာ တူးတော့မယ်။ ဒါလေးက Christmas Picture လေးနဲ့ Christmas Song လေးပါတဲ့ Screen Saver လေးပါဗျာ။
Download: hotfile

Thursday, November 25, 2010

Photo Frame Show

ကျွန်တော်တို့ ဓာတ်ပုံတွေကို Frame အမျိုးမျိုးထည့်မယ်။ Frame တွေကတော့ အများကြီးဘဲဗျာ.. ပထမဦးဆုံး ဒါကို(FrameShowSetup.exe) အရင် (Double Click)Install လုပ်ပါ ပြီးတော့မှ Pack (1), (2), (3) ကို အစဉ်လိုက် ဆက်လုပ်သွားပါ။ အဲ့ဒါမှ ကျွန်တော်တို့ Frame လေးတွေ ပိုဆုံလာပါလိမ့်မယ်။
Download;- hotfile

Tuesday, November 23, 2010

Beginners Guide to Networking

Network တည်ဆောက်ပုံနဲ့ အခြေခံသဘောတရားများ စာအုပ်လေးပါ တော်တော်ကောင်းမွန်ပါတယ်။ ရေးသားသူ ဆရာမျိုးသူရရဲ့ ခွင့်ပြုချက်မရဘဲ ဒီ Post လေးကိုတင်ရတဲ့အတွက်လဲ ဆရာမျိုးသူရ အနေနဲ့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်ရဲ့အဝေးမှာ ရောက်ရှိနေတဲ့ သူတွေအနေနဲ့ စာအုပ်ဝယ်ရတာ အခက်အခဲများစွာရှိနိုင်ပါတယ်။ အဲ့ဒီအတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
Download: ziddu

ရဟန္တာနှင့်လူပုဂ္ဂိုလ်ထူးများ

ရှားပါးစာအုပ်လေးတစ်အုပ်ပါ။ ကျွန်တော်လဲ ဖတ်ချင်လို့ ရှားထားတာပါ။ ကျွန်တော့်လို့ ဖတ်ချင်တဲ့သူတွေရှိရင် ဖတ်လို့ရအောင်အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။
Download: -ziddu

Sunday, November 21, 2010

Free Download Phone Ringtone

ကျွန်တော်တို့ Phone Ringtone လေးတွေ အခမဲ့ ဒေါင်းကြရအောင်ဗျာ။ ကျွန်တော်ကတော့ Hand Phone မရှိပါဘူး ဆင်းရဲသားလေးပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ညီကိုတွေအတွက် အစဉ်ပြေအောင်လို့ပါ။ Latest Ringtones လေးတွေကိုလည်း ဒီနေရာလေးမှာ ရနိုင်ပါတယ်။ အားလုံးပျှော်ရွှင်ပါစေ......

Wednesday, November 17, 2010

WIN-AVI All-in-one Converter

ကျွန်တော်တို့ Converter အမျိုးမျိုးကို အသုံးပြုကြဘူးမှာပါ။ ဒါပေမယ့် အခု Win AVI Converter လေးကတော့ တစ်ခြား Converter တွေနဲ့ မတူတဲ့အချက်တွေကို ကျွန်တော်တို့ တွေ့ကြရမှာပါ။ ကျွန်တော်ဘယ်လိုသုံးရမယ် ဆိုတာတော့ ရှင်းပြမနေတော့ပါဘူး။ ညီကိုတို့ သုံးကြည့်ရင် ပိုသိမှာပါ။
Download:- ziddu

Sunday, November 7, 2010

Internet Download Manager 6.0 Beta

Internet Download Mamager လေးကို ကျွန်တော်တို့ Full Version လေးသုံးကြရအောင်။ Crack လဲ ဖြည်စရာ လိုပါဘူး။ လွယ်လွယ်ကူကူလေးပါဘဲဗျာ။ အခု ကျွန်တော်တို့ ဒီကနေဒေါင်းလို့ရတဲ့ File လေးကို Double Click လေးနှိပ်လိုက်ရုံပါဘဲ။ ဒါပေမယ့် တစ်ခုတော့ရှိတယ် IDM ကိုတော့ Update မလုပ်ဖို့ပါဘဲ။
Download:- hotfile

Tuesday, November 2, 2010

PosteRazor (Make your own poster)

PosteRazor လေးက File ဆိုဒ် သေးသေးလေးပါ 814-KB ဘဲရှိပါတယ်။ ဒါပေမယ့် အကောင်သေးတယ်ဆိုပြီး လျော့တော့ မတွက်နဲ့နော် ကျွန်တော်တို့ကို ပိုက်ဆံအကုန်သက်သာအောင် အများကြီးအထောက်အကူပြုတယ်။ ကျွန်တော်တို့အိမ်မှာရှိတဲ့ရိုးရိုး Printer လေးနဲ့ Poster Size အကြီးကြီးတွေ ထုတ်လို့ရတယ်။ သုံးရတာလဲ အင်မတန်မှ လွယ်ကူပါတယ်။
Download: hotfile
ကျွန်တော့်ဆိုဒ်သို့အလည်လာကြသူများအားလုံး မင်္ဂလာပါဗျာ....