Thursday, October 7, 2010

မေမေသို့ ၀ါကျွတ်အမှတ်တရ

မေမေ ..
ရာသီတွေပြောင်း
မိုးမှဆောင်းကူး
ဝါကျွတ်ပွဲနီး
လာပြန်ပြီပေါ့ မေမေ။

မိဘ၊ သားသမီး
စုလို့ဝေးပြီး
လိုက်ကန်တော့ကြမည်
ဘိုးဘွားများဆီ
မေမေပျှော်ရွှင် ပြုံးလို့ပျော်မည်။

သားပြန်လာချင်
မေ့မေ့ရင်ခွင်
အေးလို့ ပြုံးရွှင်
ဆီးလို့ကြိုမည်
မေမေ့ တမ်းတ သားပြန်လာချင်သည်။

မြေမှာဝပ်တွား
ခယကန်တော့
အေးချမ်းမည်မှာ
ရင်ထဲလှိုက်လို့
ကန်တော့လိုက်ပါတယ်
သားချစ်တဲ့မေမေ။။။။။။။။။။။

ကျွန်တော် ကဗျာမရေးတက်ပါဘူး မေမေ့ကို သတိရတဲ့စိတ်ပြည့်ကြပ်နေလို့ ရေးတာပါ။

No comments:

Post a Comment

ကျွန်တော့်ဆိုဒ်သို့အလည်လာကြသူများအားလုံး မင်္ဂလာပါဗျာ....